Alfa Lubrication System ၏ အားနည်းချက်များ (Disadvantages of Alfa Lubrication System)

System တခုမှာပဲဖြစ်ဖြစ် သဘာဝတရားကြီးမှာပဲဖြစ်ဖြစ် အကောင်းနဲ့အဆိုး၊ အဖြူနဲ့အမဲ၊ ဓမ္မနဲ့အဓမ္မဆိုတာ ဒွန်တွဲလျှက်ရှိပါတယ်။ အမြဲတမ်းအကောင်းကြီးပဲ မရှိနိုင်သလို အမြဲတမ်းအဆိုးကြီးလဲ မရှိနိုင်ပါ။ M.A.N B&W ရဲ့ Alfa Lubrication System နဲ့ပတ်သက်လို့ Advantage (ကောင်းကျိုး) များကို ရေးသားထားတာတွေသာတွေ့ရပြီး Disadvantage (မကောင်းကျိုး) များကိုရေးသားထားတာ မတွေ့ရသလောက်ပါ။ MEO Class I, II Updating Course 7/2015 မှာ ကျွန်တော် ဆွေးနွေးခဲ့တဲ့ Alfa Lubrication System ရဲ့ အားနည်းချက်များဖြစ်ပါတယ်။ အခြားအချက်များရှိရင်လဲ ဆွေးနွေးပေးကြဖို့တင်ပြပေးတာပါ။

Alfa Lubrication System ၏ အားနည်းချက်များ (Disadvantages of Alfa Lubrication System)

======

ညီညီထွေး (Chief Engineer)

၁။ ကနဦးတပ်ဆင်စရိတ် ကြီးမြင့်ခြင်း။

(High initial cost)

၂။ အီလက်ထရွန်းနစ်အစိတ်အပိုင်းများနှင့် ကွန်ပျူတာပရိုဂရမ်များ အသုံးပြုထားသည့်အတွက် စံနစ်တွင် အပြစ်ရှာရန်သော်၎င်း၊ ပြုပြင်ရန်သော်၎င်း ခက်ခဲခြင်း။ လွယ်ကူစွာပြန်လည်ပြင်ဆင်ရန် ခက်ခဲခြင်း။

(Difficult to fault finding, difficult to repair and unavailable to easily repair the system which by using electronic devices and Computer Programming Unit – CPU)

၃။ အင်ဂျင်၏ Output Power နှင့် Load အား ကွန်ပျူတာမှ တွက်ချက်ပြီး ထွက်ရှိလာသော Output Power နှင့် Load ပေါ်မူတည်၍ Cylinder Oil ပို့လွှတ်နှုန်းကို ထိန်းချုပ် ပေးပို့သည့်အတွက် ရာသီဥတုကောင်းမွန်ချိန်တွင် အင်ဂျင်၏ တမိနစ်လည်ပတ်နှုန်း များပြားစွာ ထွက်ရှိနေသော်လည်း အင်ဂျင်တွင် Load နည်းသောအချိန် ဖြစ်နေသောကြောင့် Cylinder Oil Consumption ကျဆင်းနေမည်ဖြစ်ပြီး ရာသီဥတုဆိုးရွားစဉ် အင်ဂျင်တွင် Load များချိန် Cylinder Oil Consumption မှာ များပြားနေမည်ဖြစ်သည့်အတွက် Daily cylinder Oil Consumption တွင် Mechanical Lubricator ကဲ့သို့ တူညီနိုင်မည် မဟုတ်ပါ။ Daily Cylinder Oil Consumption ကွာခြားချက်ရှိခြင်း။ ထိုကွာခြားချက်ကြောင့် Ring and Ring Zone Deposit များဖြစ်ပေါ်လာနိုင်ခြင်း။

(So computer program that calculated output power and load consequent to totally controlled the cylinder oil feed rate depending upon an engine’s output power and load. Therefore daily cylinder oil consumption which not same result as mechanical type lubricator because less cylinder oil consumption can result although higher engine r.p.m during low load due to smooth sea (under BF scale 4) but more cylinder oil consumption may result although lower engine r.p.m during high load due to bad weather condition above BF scale 6. Consequently, ring and ring zone deposit may occur.)

၄။ Cylinder Liner နှင့် Piston Rings များကြားတွင် ပွတ်တိုက်မှုကြောင့် ထွက်ပေါ်လာသော အလွန်သေးငယ်သော သံမှုန် အစအန များ၊ ချောဆီဟောင်းများ (Residual scavenge sludge with oil)၊ မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်များကြောင့် ပေါ် ထွက်လာသော ဓာတုဖြစ်စဉ်များကို အစဉ်အမြဲ သိရှိနိုင်စေရန်နှင့် မှန်ကန် ကောင်းမွန်သော ချောဆီပေးပို့နှုန်း (Cylinder oil feed rate) ချိန်ညှိနိုင်စေရန် သင်္ဘောပေါ်ရှိ အထူးစီမံထားသော အထောက်အကူပစ္စည်းများဖြင့် ဓါတ်ခွဲစမ်းသပ်ရခြင်း၊ ဓါတ်ခွဲခန်းများသို့ ပေးပို့စမ်းသပ်ရခြင်း (Cylinder oil scrap down analysis) စသည်တို့ကို တပတ်လျှင် တကြိမ် (သို့မဟုတ်) ထုတ်လုပ်သော ကုမ္ပဏီမှ ထောက်ခံအတည်ပြုထားသော ကာလအပိုင်းအခြားအတွင်း ပုံမှန် စမ်းသပ်စစ်ဆေးမှု ပြုလုပ်ရခြင်း။

(In order to know chemical reaction taken place by combustion process, micro particle took place by fraction effect between piston rings and liner metal and proper cylinder oil feed rate to be adjusted into cylinder liner as per maker’s advice, sample of scrap down oil must be tested on board by means of special test kit or sent to recommended lab analysis every once a week or recommended interval.)

Comments

Popular posts from this blog

Advantage and Disadvantage of M.A.N B&W Slide Type Fuel Injection Valve

သင်္ဘောတစ်စီး ဆိပ်ကမ်းမှပြန်လည်ထွက်ခွာခြင်းအတွက် Engine Room Department မှ ပြုလုပ်ပေးရသည့်ကိစ္စများ

Alpha Lubrication System