Advantage and Disadvantage of M.A.N B&W Slide Type Fuel Injection Valve

ညီညီထွေး (Chief Engineer)

Advantage
M.A.N B&W ၏ ယခင် အသုံးပြုခဲ့သော Conventional type fuel valve များ၏ အားနည်းချက်မှာ Scavenging period ဖြစ်ပေါ် စဉ်အတွင်း Sac volume အဖြစ်တည်ရှိနေသည့် fuel အချို့သည် air swirling effect နှင့် fuel vapor pressure ကြောင့် ပြင်းထန်စွာ မှုတ်ထုတ်ခံရကာ အချို့သော fuel oil တို့သည် complete combustion အတွက် လုံလောက်သော အပူချိန်မရရှိသေးသည့် အချိန်အခိုက်အတန့်အတွင်း combustion chamber အတွင်းသို့ ဝင်ရောက်လာပြီး အင်ဂျင်တွင် black smoke များ ၊ hydro-carbon compound များနှင့် ရှုပ်ထွေးသော Sox ၊ Nox ထုတ်လွှတ်မှုများကို ဖြစ်ပေါ်စေခြင်း စသည့် ဆိုးကျိုးများဖြစ်ပါသည်။ Slide type valve များသည် Sac volume မရှိသည့်အတွက် (zero sac volume) အဆိုပါ fuel oil ရောက်ရှိခြင်းကြောင့် incomplete combustion ဖြစ်ပေါ်ရခြင်း နှင့် combustion chamber fouling ဖြစ်ပေါ်ခြင်း လုံးဝမရှိစေရန် တိကျစွာလျှော့ချပေးပါသည်။ ထို့ကြောင့် ဆီစားနှုန်း (fuel consumption) ကိုလည်း တဖက်မှ လျှော့နည်းကျဆင်းစေသည့် အကျိုးကျေးဇူးများ ရရှိစေပါသည်။
Source: M.A.N B&W Service Letter, SL 02-403 UM June-2002

Disadvantage
M.A.N B&W မှ ယခင်ထုတ်လုပ်ခဲ့သော Conventional fuel valve အမျိုးအစားတွင် Sac volume ထဲရှိဆီသည် fuel injection ပြီးဆုံးတိုင်း ကျန်ရှိနေခဲ့ခြင်းမရှိပဲ cylinder အတွင်းသို့ အားလုံးပေးသွင်းသော အမျိုးအစားဖြစ်သော်လည်း Slide-type fuel valve တွင်မူ ဆီ သည် fuel nozzle အတွင်း၌ နောက်ထပ် fuel injection ဖြစ်ပေါ်ချိန်ထိ ကျန်နေသည့် အမျိုးအစားဖြစ်ပါသည်။ အင်ဂျင်ကို အသင့်အနေအထား (Stand by period) တွင် အချိန်ကာလတခုထိ လှည့်ပေးထား သည့်အခါ fuel nozzle အတွင်းရှိ ဆီသည် piston crown ပေါ်သို့ ကျဆင်း (drip down) လာ၍ ထိုအခိုက်အတန့်ရှိ piston crown ၏အပူချိန်သည် ဆီ စက်များကို အရည်ပျော် နိုင်လောက်သော အပူချိန်မဟုတ်သည့်အတွက် တဖြေးဖြေး အေးခဲကာ piston crown ပေါ်တွင် စုပုံ ရောက်ရှိ လာရပါ သည်။ တခါတရံ ထို ဆီစက် (oil drop) ၏ အချင်း (diameter) သည် 300 mm ထိအောင်ရှိပြီး piston crown အမှန်တကယ် တည်ရှိနေသည့် position ပေါ်မူတည်ကာ အငွေ့ပြန်နိုင်စွမ်း မရှိသလောက်နည်းပါးစွာ တည်ရှိနေလျှက် အင်ဂျင် စတင်မောင်းနှင် ချိန်တွင် မီးလောင်၍ ပြာများ (ash) အဖြစ် piston crown ပေါ်တွင် ကျန်ရှိနေပါတော့သည်။ ထိုပြာများ (ash) နှင့်အတူ excess cylinder lubrication ကြောင့် ထွက်ပေါ်လာသော hard carbon deposit များနှင့် အတူ piston crown ပေါ်တွင် ခွာချရန် ခက်ခဲသော deposit များကို ဖြစ်ပေါ် စေပါသည်။ ထို့ကြောင့် service running hour ရောက်တိုင်း piston ၊ piston rings ၊ cylinder linder တို့ကို scavenge ports (သို့မဟုတ်) inspection holes များမှ ကြည့်ရှုစစ်ဆေးခြင်း ၊ piston overhaul ပြုလုပ်ခြင်း ၊ fuel injection valves များ လဲလှည်ခြင်း ၊ overhaul ပြုလုပ်ခြင်းနှင့် exhaust valve လဲလှည်ချိန်တွင် ဖြုတ်ထားသည့် valve seat နေရာမှ piston crown ပေါ်သို့ စစ်ဆေးခြင်း နှင့် (ဖြစ်နိုင်လျှင်) သန့်ရှင်းရေးပြုလုပ်ခြင်း စသည်တို့ကို ဆောင်ရွက် ပေးရမည်ဖြစ် ပါသည်။
Source: Pounder’s Marine Engines and Gas Turbine, 8th Edition, Page-332

Comments

Popular posts from this blog

သင်္ဘောတစ်စီး ဆိပ်ကမ်းမှပြန်လည်ထွက်ခွာခြင်းအတွက် Engine Room Department မှ ပြုလုပ်ပေးရသည့်ကိစ္စများ

Alpha Lubrication System