3 Phase AC Induction Motor တစ်လုံး ဘယ်လိုအလုပ်လုပ်သလဲ?

ညီညီထွေး (Chief Engineer)

Motor တလုံးကို~~
၁။ အစွန်းတဖက်ဆီမှာ Bearing များနှင့် ထိုင်ထားသော Rotor (Armature) နှင့်
၂။ Winding ပြုလုပ်ထားသော Stator ဆိုပြီး အပိုင်း နှစ်ပိုင်း ပါဝင်တည်ဆောက်ထားပါတယ်။

AC Motor များဟာ AC Currents ဝင်ရောက်လာခြင်းကြောင့် Stator ထဲမှာ လည်ပါတ်နေတဲ့ Magnetic Field အချင်းချင်းဆွဲငင် တုန့်ပြန်မှု ဖြစ်ပေါ်လာအောင် ဖန်တီးပေးထားရပြီး Rotor ပေါ်မှာလည်း ဆန့်ကျင်ဖက် Magnetic Field ကို ရရှိအောင်ပြုလုပ်တည်ဆောက်ထားရပါတယ်။

AC Motor တလုံးရဲ့ အလုပ်လုပ်ပုံ (Working Principle) ကေတာ့ ~~
3 Phase AC Supply Voltage ကို AC Motor ရဲ့ 3 Stator Winding Phase မှာ ဆက်သွယ်လိုက်တဲ့အခါ Phase Currents များမှ Multi-pole Magnetic Flux (Φ) လို့ခေါ်တဲ့ သံလိုက်ဝန်ရိုးစွန်းများ (Poles) အချင်းချင်းဆွဲငင်အားကြောင့်ဖြစ်ပေါ်လာတဲ့ လျှပ်စစ်သံလိုက်စက်ကွင်းများထုတ်လုပ်ပေးပါတယ်။ ဒီ သံလိုက်စက်ကွင်းများဟာ Stator Core ပေါ်မှာ လှည့်ပါတ်လျှက်ရှိနေကြပြီး Armature လို့ခေါ်တဲ့ Rotor အတွင်းမှာတည်ဆောက်ထားတဲ့ Conductors များထံကို ဖြတ်သန်းဝင်ရောက်လာမှုကြောင့် Induce EMF (ညှိ့လျှပ်စစ်အား) များသည်လည်း ၎င်းတို့ထဲမှာဖြစ်ပေါ်လာပါတယ်။ Rotor အတွင်းမှာတည်ဆောက်ထားတဲ့ Conductors များဟာ အစွန်းပိုင်းမှာ အချင်းချင်းတွဲဆက်ထားတဲ့အတွက် Induce EMF (ညှိ့လျှပ်စစ်အား) ဟာ Rotor Currents အဖြစ် ရောက်ရှိစေပါတယ်။ Rotor Currents ဟာလည်း Magnetic Flux (Φ) တွေကို ထုတ်လုပ်ပေးပြီး အဆိုပါ Magnetic Flux (Φ) များက stator core ပေါ်မှာ လှည့်ပါတ်လျှက်ရှိနေတဲ့ Magnetic Flux (Φ) တွေကို တုံ့ပြန် ဆွဲငင်တဲ့အတွက် Conductors bars များပေါ်မှာ ဆွဲအားကြောင့် Torque ဖြစ်ပေါ်လာပါတယ်။ (ပုံတွင်ကြည့်ပါ။)


Rotor မှာဖြစ်ပေါ်လာတဲ့ Torque ရဲ့ Direction ဟာ လည်ပါတ်နေတဲ့ Magnetic Field ရဲ့ Direction အတိုင်းဖြစ်ပေါ်နေပြီး Bearing ပေါ်မှာ ထိုင်ထားတဲ့ Rotor ကိုလည်ပါတ်စေပါတယ်။ Induce EMF (ညှိ့လျှပ်စစ်အား) မှ တဆင့် Motor ကိုလည်ပါတ်စေတာဖြစ်လို့ “Induction Motor” လို့ခေါ်ပါတယ်။ Stator Winding ကို Squirrel Cage ထဲမှာတည်ဆောက်ထားပါတယ်။ Stator Winding မှာ Copper Loss နဲ့ Iron Loss တို့ဟာ အပူအဖြစ်ပြောင်းလဲ တဲ့အတွက် Motor တလုံးမှာ Cooling ရဖို့လဲလိုအပ်လာပါတယ်။ ဒါ့ကြောင့် Cooling Fan တခုကိုလဲ Rotor ရဲ့ အစွန်းတဖက်မှာ တပ်ဆင်ပေးထားရခြင်းဖြစ်ပါတယ်။

Comments

Popular posts from this blog

Advantage and Disadvantage of M.A.N B&W Slide Type Fuel Injection Valve

သင်္ဘောတစ်စီး ဆိပ်ကမ်းမှပြန်လည်ထွက်ခွာခြင်းအတွက် Engine Room Department မှ ပြုလုပ်ပေးရသည့်ကိစ္စများ

Alpha Lubrication System