Posts

Showing posts from February, 2018

သင်္ဘောတစ်စီး ဆိပ်ကမ်းမှပြန်လည်ထွက်ခွာခြင်းအတွက် Engine Room Department မှ ပြုလုပ်ပေးရသည့်ကိစ္စများ

Image
ညီညီထွေး (Chief Engineer) လူသစ် ၊ လူဟောင်း Engine Cadet ၊ J/E ၊ Oiler ၊ Wiper တွေ သင်္ဘောပေါ်မှာ တကယ်အလုပ်လုပ်နိုင်ဖို့ ၊ EER  ၊ Watchkeeping လက်မှတ်အတွက် Oral ဖြေတဲ့အခါ အခက်အခဲမရှိစေဖို့နဲ့ စာမေးပွဲဖြေကြမဲ့ အင်ဂျင်နီယာလောင်းများနှင့်  သင်္ဘောသားများအားလုံးအတွက် ဗဟုသုတဖြစ်စေဖို့ တင်ပေးတာပါ။ (အစအဆုံး တဆက်ထဲဖတ်လို့ရအောင် ကြိုးစားတင်ပေးလိုက်ပါတယ်။) *************** သင်္ဘောတစီးနဲ့တစီး ၊ ကုမ္ပဏီတခုနဲ့တခု စီမံခန့်ခွဲပုံခြင်း မတူပေမဲ့ ဆိပ်ကမ်းကပ်ထားတဲ့သင်္ဘောတစီး ပြန်လည်ထွက်ခွာပုံ အစီအစဉ်တွေကတော့ အကြမ်းဖျင်း အားလုံးတူညီကြပါတယ်။ Engine Room Department အတွက်တော့ သင်္ဘောစတင်ထွက်ခွာနိုင်ဖို့ အစီအစဉ်ဆိုတာ Main Engine ကို အဆင်သင့်ပြင်ဆင်ထားခြင်း လုပ်ငန်းတွေပါပဲ။ ဒါ့ကြောင့် အောက်မှရေးသားထားတဲ့ Main Engine ကို အဆင်သင့်ပြင်ဆင်ထားရမဲ့ လုပ်ငန်းတွေအကြောင်းက စပြောရင် ပိုပြီးသင့်လျှော်မှာဖြစ်ပါတယ်။ ၁။ ဆိပ်ကမ်းမှ သင်္ဘောတစီးပြန်မထွက်မှီ Cargo Loading (or) Discharging ပြီးတဲ့ အချိန်မှာ (တခါတရံ shore မှ ဖိုမင် ၊ အေးဂျင့် စသည့် သင်္ဘောနှင့်ဆက်ဆံရသည့် တာဝန်ရှိသူများမှတဆင့် ခန့်မှန်းခြေ သင်္ဘောထွက်

Advantage and Disadvantage of M.A.N B&W Slide Type Fuel Injection Valve

Image
ညီညီထွေး (Chief Engineer) Advantage M.A.N B&W ၏ ယခင် အသုံးပြုခဲ့သော Conventional type fuel valve များ၏ အားနည်းချက်မှာ Scavenging period ဖြစ်ပေါ် စဉ်အတွင်း Sac volume အဖြစ်တည်ရှိနေသည့် fuel အချို့သည် air swirling effect နှင့် fuel vapor pressure ကြောင့် ပြင်းထန်စွာ မှုတ်ထုတ်ခံရကာ အချို့သော fuel oil တို့သည် complete combustion အတွက် လုံလောက်သော အပူချိန်မရရှိသေးသည့် အချိန်အခိုက်အတန့်အတွင်း combustion chamber အတွင်းသို့ ဝင်ရောက်လာပြီး အင်ဂျင်တွင် black smoke များ ၊ hydro-carbon compound များနှင့် ရှုပ်ထွေးသော Sox ၊ Nox ထုတ်လွှတ်မှုများကို ဖြစ်ပေါ်စေခြင်း စသည့် ဆိုးကျိုးများဖြစ်ပါသည်။ Slide type valve များသည် Sac volume မရှိသည့်အတွက် (zero sac volume) အဆိုပါ fuel oil ရောက်ရှိခြင်းကြောင့် incomplete combustion ဖြစ်ပေါ်ရခြင်း နှင့် combustion chamber fouling ဖြစ်ပေါ်ခြင်း လုံးဝမရှိစေရန် တိကျစွာလျှော့ချပေးပါသည်။ ထို့ကြောင့် ဆီစားနှုန်း (fuel consumption) ကိုလည်း တဖက်မှ လျှော့နည်းကျဆင်းစေသည့် အကျိုးကျေးဇူးများ ရရှိစေပါသည်။ Source: M.A.N B&W Service Letter, SL 02-403 UM June-200

3 Phase AC Induction Motor တစ်လုံး ဘယ်လိုအလုပ်လုပ်သလဲ?

Image
ညီညီထွေး (Chief Engineer) Motor တလုံးကို~~ ၁။ အစွန်းတဖက်ဆီမှာ Bearing များနှင့် ထိုင်ထားသော Rotor (Armature) နှင့် ၂။ Winding ပြုလုပ်ထားသော Stator ဆိုပြီး အပိုင်း နှစ်ပိုင်း ပါဝင်တည်ဆောက်ထားပါတယ်။ AC Motor များဟာ AC Currents ဝင်ရောက်လာခြင်းကြောင့် Stator ထဲမှာ လည်ပါတ်နေတဲ့ Magnetic Field အချင်းချင်းဆွဲငင် တုန့်ပြန်မှု ဖြစ်ပေါ်လာအောင် ဖန်တီးပေးထားရပြီး Rotor ပေါ်မှာလည်း ဆန့်ကျင်ဖက် Magnetic Field ကို ရရှိအောင်ပြုလုပ်တည်ဆောက်ထားရပါတယ်။ AC Motor တလုံးရဲ့ အလုပ်လုပ်ပုံ (Working Principle) ကေတာ့ ~~ 3 Phase AC Supply Voltage ကို AC Motor ရဲ့ 3 Stator Winding Phase မှာ ဆက်သွယ်လိုက်တဲ့အခါ Phase Currents များမှ Multi-pole Magnetic Flux (Φ) လို့ခေါ်တဲ့ သံလိုက်ဝန်ရိုးစွန်းများ (Poles) အချင်းချင်းဆွဲငင်အားကြောင့်ဖြစ်ပေါ်လာတဲ့ လျှပ်စစ်သံလိုက်စက်ကွင်းများထုတ်လုပ်ပေးပါတယ်။ ဒီ သံလိုက်စက်ကွင်းများဟာ Stator Core ပေါ်မှာ လှည့်ပါတ်လျှက်ရှိနေကြပြီး Armature လို့ခေါ်တဲ့ Rotor အတွင်းမှာတည်ဆောက်ထားတဲ့ Conductors များထံကို ဖြတ်သန်းဝင်ရောက်လာမှုကြောင့် Induce EMF (ညှိ့လျှပ်စစ်အား) များသည်လည်