ညီညီထွေး (Chief Engineer) လူသစ် ၊ လူဟောင်း Engine Cadet ၊ J/E ၊ Oiler ၊ Wiper တွေ သင်္ဘောပေါ်မှာ တကယ်အလုပ်လုပ်နိုင်ဖို့ ၊ EER ၊ Watchkeeping လက်မှတ်အတွက် Oral ဖြေတဲ့အခါ အခက်အခဲမရှိစေဖို့နဲ့ စာမေးပွဲဖြေကြမဲ့ အင်ဂျင်နီယာလောင်းများနှင့် သင်္ဘောသားများအားလုံးအတွက် ဗဟုသုတဖြစ်စေဖို့ တင်ပေးတာပါ။ (အစအဆုံး တဆက်ထဲဖတ်လို့ရအောင် ကြိုးစားတင်ပေးလိုက်ပါတယ်။) *************** သင်္ဘောတစီးနဲ့တစီး ၊ ကုမ္ပဏီတခုနဲ့တခု စီမံခန့်ခွဲပုံခြင်း မတူပေမဲ့ ဆိပ်ကမ်းကပ်ထားတဲ့သင်္ဘောတစီး ပြန်လည်ထွက်ခွာပုံ အစီအစဉ်တွေကတော့ အကြမ်းဖျင်း အားလုံးတူညီကြပါတယ်။ Engine Room Department အတွက်တော့ သင်္ဘောစတင်ထွက်ခွာနိုင်ဖို့ အစီအစဉ်ဆိုတာ Main Engine ကို အဆင်သင့်ပြင်ဆင်ထားခြင်း လုပ်ငန်းတွေပါပဲ။ ဒါ့ကြောင့် အောက်မှရေးသားထားတဲ့ Main Engine ကို အဆင်သင့်ပြင်ဆင်ထားရမဲ့ လုပ်ငန်းတွေအကြောင်းက စပြောရင် ပိုပြီးသင့်လျှော်မှာဖြစ်ပါတယ်။ ၁။ ဆိပ်ကမ်းမှ သင်္ဘောတစီးပြန်မထွက်မှီ Cargo Loading (or) Discharging ပြီးတဲ့ အချိန်မှာ (တခါတရံ shore မှ ဖိုမင် ၊ အေးဂျင့် စသည့် သင်္ဘောနှင့်ဆက်ဆံရသည့် တာဝန်ရှိသူများမှတဆင့် ခန့်မှန်းခြေ သင...