Alpha Lubrication System
ညီညီထွေး (Chief Engineer) ခေတ်မီနည်းပညာတခုဖြစ်သော Computer Programmed Electro-Hydraulic Alpha Lubrication System တည်ဆောက်ပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ပါဝင်တပ်ဆင်ထားသော စက်ပစ္စည်းအစိတ်အပိုင်းများ ၎င်းစံနစ်တွင် ပါဝင်တပ်ဆင်ထားသော စက်ပစ္စည်း အစိတ်အပိုင်းများမှာ Cylinder Lubricating Oil Tank, Pump Station, Computer Programmed Control Unit, HMI (Human Machine Interface) နှင့် Solenoid Operated Lubricator တို့ပါဝင်ကြပြီး ဆက်စပ်လျှက်ရှိသော အီလက်ထရွန်းနစ် စက်ပစ္စည်းအစိတ်အပိုင်းများအဖြစ် Load Transmitter, Trigger System (Shaft Encoder), Backup Trigger System, Pickups များကိုလည်း တပ်ဆင်ထားပါသည်။ Cylinder Lubricating Oil Service Tank ဤ Tank မှာ ပုံမှန်သင်္ဘောအများစုတွင် တပ်ဆင်ထားသည့်အတိုင်း Level Gauge, Filling Valve, Tank Outlet Quick Closing Valve နှင့် Man Hole တို့ ပါဝင်တည်ဆောက်ထားပြီး အချို့သင်္ဘောများတွင် Service Tank သို့ Storage Tank မှ တဆင့်ပြန်တင်ရခြင်းများ ရှိသကဲ့သို့ သင်္ဘောအများစုတွင် Storage Tank မှ နေ့စဉ်အသုံးပြုရန် တိုက်ရိုက်သုံးစွဲကြပါသည်။ Pump Station and Starter Panels